မင်္ဂလာပါ... လာရောက်သူအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်...

တရားလင်္ကာများ

ဤဘဒ္ဒကမ္ဘာဝယ် ဘုရားငါးဆူပွင့်ပါတယ်
လေးဆူမြတ်ဘုရား ပွင့်လို့သွား
တို့များ ကျန်ရစ်တယ်
တစ်ဆူတော့ ကျန်သေးတယ်
မီအောင် လိုက်ကြကွယ်
မမီသူ လူတွေလည်း
သံသရာလည်ဖို့ပဲ.....။

သာသနာဆိုတာ ကိုယ်နဲ့ဆိုင်လို့တွေ့တာ
ပိုင်အောင်လုပ်မှ နိဗ္ဗာန်ကိုရမှာ
နိဗ္ဗာန်ကိုရမှ ဒုက္ခခပ်သိမ်း
ချုပ်ငြိမ်းအေးတော့မှာ.....။

အလှူခံ လယ်ယာ
လှူသူမှာ လယ်သမား
အများလှူဖွယ် မျိုးစေ့ငယ်
နောင်ဝယ် အသီးစား.....။

No comments:

Post a Comment