မင်္ဂလာပါ... လာရောက်သူအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်...

အချစ်ရဲ့စွမ်းအား

အပြင်းဖျားနေပါစေ
မင်းအနားနေရင် ပျောက်တယ်။
ပယင်း၊ ပတ္တမြားတွေဟာ
မင်းစကားတွေလောက် တန်ဖိုးမရှိဘူး။
အဆုံးအရှုံးတွေဟာ
(မင်းရဲ့)အပြုံးတပြုံးတလေနဲ့ ပြည့်စုံနိုင်တယ်။
စဉ်းစားနေတယ်
မင်းအနားနေရင်
အတွင်းအားတွေ အလိုလိုပြည့်
နေ့တွေ ညပြောင်းလာရင်တောင်
အမှောင်တွေဟာ
အရောင်တွေ ကြာလာလိမ့်မယ် ထင်တယ်ကွယ်...။